Local News

ဥစိုက်ကြက်သွန်နီအသစ်များ ကျောက်ဆည်ဈေးကွက်သို့ဝင်ရောက်လာ

Last Updated:

မန္တလေးတိုင်းဒေသကြီး ကြက်သွန်နီစိုက်မြို့နယ်တစ်ခုဖြစ်သည့် ကျောက်ဆည်နယ်ရှိ ကုန်းကြီး၊ ဘုံကွင်း၊ စဉ့်ကွန်း၊ စမာ၊ ကျီပြ၊ ရွာသာအေး၊ ကျီးအိပ်ကျေးရွာများမှ ကြက်သွန်နီအသစ်များ ကျောက်ဆည်ဈေးကွက်သို့ အနည်းငယ်စတင်ဝင်ရောက်နေပြီး လက်လီတစ်ပိဿာ ကျပ် ၂၅၀၀/၂၆၀၀ ဖြင့်အရောင်းအဝယ်နေပြီး၊ ယခင်နွေကြက်သွန်နီ (ဟောင်း)မှာတစ်ပိဿာ လက်ကားဈေးနှုန်း ကျပ်၂၇၀၀/ ၃၀၀၀/၃၂၀၀၊ လက်လီဈေးနှုန်းကျပ် ၂၉၀၀/၃၄၀၀/၃၆၀၀ဖြင့် ရောင်းဝယ်နေကြောင်းသိရသည်။ ဥစိုက်ကြက်သွန်နီကို အရည်အသွေးအရ တာရှည်အထားမခံ၍ စိုက်ပျိုးမှုနည်းကြောင်း၊ နှစ်စဉ် စိုက်ပျိုးသော်လည်း ယခုနှစ်ကဲ့သိုဈေးကောင်းရသည့်နှစ်မှသာပိုမိုစိုက်ပျိုးလေ့ရှိကြောင်းသိရသည်။ ဥစိုက်ကြက်သွန်နီမှာ အရည်အသွေးအရ လှောင်လက်ပွဲရုံများမှဝယ်ယူမှုမရှိပဲ သုံးစွဲရန်အတွက် ဈေးကိုက်သောအိမ်ရှင်မများသာ မီးဖိုချောင်သုံးအဖြစ် အများဆုံးဝယ်ယူမှုရှိပြီး ဈေးကွက်ဝင်ရောက်ချိန်ကာလတို ကြောင်းသိရသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News